2018-2019 Fiscal Year – Annual Meeting
မင်္ဂလာပါ
MDYitbf2019 ပွဲတော်ကြီးရဲ့ တတိယမြောက်နေ့မှ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ Mandalay International Trade Fair and Business Forum 2019 ပွဲကြီးကို ကျင်းပလာခဲ့တာ ယခုဆိုရင် သုံးရက်မြောက်နေ့-နောက်ဆုံးနေ့ကို ရောက်ရှိလာပီ ဖြစ်ပါတယ်။
ပထမနှစ်ရက်မှာတော့
1) Mandalay Vision 2030
2) Mandalay Beyond Horizon
3) Mandalay Towards the Smart City
4) A New Vision of Mandalay
5) Digital Economy in Mandalay အစရှိတဲ့ ခေါင်းစဉ်များဖြင့်
မိမိတို့ရဲ့ မြန်မာနိုင်ငံနှင့် မန္တလေးတိုင်းဒေသကြီးတိုးတက်ဖို့အတွက်
အပတ်တကုတ် ဆောင်ရွက်ပေးနေကြတဲ့ ကဏ္ဍအသီးသီးမှ ဂုဏ်သရေရှိ လူကြီးမင်းများမှ
ရှုထောင့်ပေါင်းစုံကနေ သုံးသပ်ဆွေးနွေး၊
ဟောပြောရှင်းလင်းတင်ဆက်ပေးခဲ့ကြပါတယ်။
ယနေ့ တတိယမြောက်နေ့ – နေ့လည်ပိုင်းမှာလဲ
Inclusive Growth of Mandalay ခေါင်းစဉ်ဖြင့်
ကျွန်တော်တို့ရဲ့ စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်တဲ့ တရုတ် အိန္ဒိယမှ
ကောင်စစ်ဝန်ချုပ်များ၊ လက်ရှိမြန်မာပြည်မှာ စီးပွားရေးလုပ်ကိုင်နေကြတဲ့
ဂျပန်စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ပီး
ကျယ်ကျယ်ပြန့်ပြန့် စီးပွားရေးလုပ်ကိုင်နေကြတဲ့ မြန်မာပြည်ဖွား
စီးပွားရေးလုပ်ငန်းရှင်များထံမှ ဘယ်လိုအကြံပြုချက်၊ သုံးသပ်ချက်များနဲ့
ဆွေးနွေးပေးသွားကြမလဲဆိုတာကို မိတ်ဆွေတို့ လေ့လာနိုင်ဖို့
ဖိတ်ခေါ်ပါရစေခင်ဗျာ။
လက်ရှိမနက်ပိုင်းအစီအစဉ်ကတော့ ကျွန်တော်တို့ MRCCI အသင်းကြီး၏ 2018-2019 Fiscal Year – Annual Meeting ပွဲကြီးကို မကြာခင် ကျင်းပတော့မှာဖြစ်ပါတယ်။